မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၃း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၁၁)မိနစ်၊ (၃၈)စက္ကန့်အချိန်တွင် တောင်ကြီးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၂၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ညောင်ရွှေမြို့၏ တောင်ဘက် (၁၅)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၄၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၀)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။