ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၁၉၇၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် အရာထမ်းအင်အား (၁၁၀)ဦး၊ အမှုထမ်းအင်အား (၄၄၁၁)ဦး၊ စုစုပေါင်းအင်အား (၄၅၂၁)ဦးဖြင့် ရေလမ်း ထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနကို စတင်ဖွဲ့ စည်းခဲ့ပါသည်။ ၁၉၉၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ဆည်မြောင်းဦးစီးဌာန လက်အောက်ရှိ တွံတေး တူးမြောင်းကို လွဲပြောင်းလက်ခံခဲ့ရာ အရာထမ်းအင်အား (၁၁၀)ဦး၊ အမှုထမ်းအင်အား (၄၄၉၁)ဦး၊ စုစုပေါင်း အင်အား(၄၆၀၁)ဦးအထိ ရှိလာခဲ့ပါသည်။ ၁၉၉၉ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် အရာထမ်း အင်အား (၁၉၄)ဦး၊ အမှုထမ်းအင်အား (၂၉၆၂)ဦး၊ စုစုပေါင်းအင်အား (၃၁၅၆)ဦးဖြင့် ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၁) ရက် နေ့တွင် အရာထမ်းအင်အား (၃၄၃)ဦး၊ အမှုထမ်းအင်အား (၂၆၆၉)ဦး၊ စုစုပေါင်း အင်အား (၃၀၁၂)ဦးဖြင့် ဒေသရုံး(၃)ရုံး၊ ဒေသခွဲရုံး(၂)ရုံးနှင့် အကောက်စခန်းသစ်များ တိုးချဲ့၍ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။