ဂျပန် သံအမတ် အား ပြည်ထောင်စု ဝန်ကြီး လက်ခံ တွေ့ဆုံ

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း သည် ဇွန်လ (၁၇) ရက်နေ့ မွန်းလွဲပိုင်း တွင် မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန် နိုင်ငံ သံအမတ်ကြီး H.E Tateshi HIGUCHI ဦးဆောင် သော အဖွဲ့ အား နေပြည်တော် ရှိ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ၏ ဧည့်ခန်းမ တွင် လက်ခံ တွေ့ဆုံ ဆွေးနွေး ပါသည်။

ထိုသို့ တွေ့ဆုံ ရာ တွင် ဒုတိယ ဝန်ကြီး ဦးဝင်းသန်း နှင့် တာဝန်ရှိသူ များ တက်ရောက် ကြပြီး မြန်မာနိုင်ငံ ၏ စာပို့တိုက် လုပ်ငန်း အား တိုးတက် ပြောင်းလဲ စေရန် အတွက် ပူးပေါင်း ဆောင်ရွက် သွားရန် နှင့် နှစ်နိုင်ငံ အကျိုးတူ ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေး ခဲ့ကြ ပါသည်။