ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း

 

၂၀၁၆ ခုနှစ် ၊ မတ်လ ( ၇ ) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၇ ) ပါ အသွင်ကူးပြောင်း ပြဋ္ဌာန်းချက်များအရ လှိုင်းနှုန်းအသုံးပြုခွင့် ရရှိထားသူများသည် ဤနည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ( ၁ ) နှစ် အကြာတွင် ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာပြီး ဖြစ်စေရမည်ဖြစ်ရာ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေများ မထွက်ရှိမီ ထုတ်ပေး ခဲ့သည့် လှိုင်းနှုန်းအသုံးပြုခွင့်ပါ၀င်သော ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်များမှ အသွင်ကူးပြောင်း ကာလ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လိုင်စင်များအား အောက်ပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများပြည်သူများ သိရှိနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်-

(က)     လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေများ မထွက်ရှိမီ ထုတ်ပေးခဲ့သည့် လှိုင်းနှုန်းအသုံးပြုခွင့်ပါ၀င်သော ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်များအနက် လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ခြင်းမရှိသည့် လိုင်စင်များအား ၂၀၁၈ ခုနှစ် ၊ မတ်လ ( ၆ ) ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုး ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်သည့် လိုင်စင်များအား ကနဦးအခကြေးငွေ ထည့်သွင်းကောက်ခံလျက် လိုင်စင်သက်တမ်းတိုးဆောင်ရွက်ခွင့် ပေးသွားမည် ဖြစ်ပါသည်။

(ခ)       ၂၀၁၈ ခုနှစ် ၊ မတ်လ ( ၆ ) ရက်နေ့အထိ လိုင်စင်သက်တမ်းတိုး လာရောက်ဆောင်ရွက်ခြင်း မရှိသည့် လိုင်စင်များအား လိုင်စင်စာရင်းမှ အပြီးပယ်ဖျက်သွားမည် ဖြစ်ပါသည်။

 

    ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန