ဒုတိယကြီးကြပ်ရေးမှူးရာထူးစာမေးပွဲဖြေဆိုရန်အကြောင်းကြားခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

ဒုတိယကြီးကြပ်ရေးမှူးရာထူးစာမေးပွဲဖြေဆိုရန်အကြောင်းကြားခြင်း

 

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူထားသော လစာနှုန်းကျပ် (၁၈၀၀၀ဝ - ၂ဝဝဝ - ၁၉ဝဝဝဝ) ဒုတိယကြီးကြပ်ရေးမှူး ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လာရောက်ဖြေဆိုနိုင်ရန် အကြောင်းကြားပါသည်-

(က) ကျင်းပမည့်နေ့          -  ( ၂၈-၁၀-၂၀၁၇ ) နှင့် ( ၂၉-၁၀-၂၀၁၇ )

( ခ) အချိန်                     -  နံနက်( ၉) နာရီမှ ညနေ ( ၅ ) နာရီအထိ

                                                    (၉:ဝဝ - ၁၁:ဝဝ) (၁၂:၃ဝ - ၁၄:၃ဝ) (၁၅:ဝဝ - ၁၇:ဝဝ)

( ဂ) ဘာသာရပ်              

  •   Personality and Behavior Test

(၂၈-၁၀-၂၀၁၇) (စနေနေ့)

 

  • မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ

(၂၉-၁၀-၂၀၁၇) (တနင်္ဂနွေနေ့)

 

 (ဃ) ကျင်းပမည့်နေရာ      -    အ-ထ-က (၆) ၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့

 

၂။ စာမေးပွဲဖြေဆိုခွင့် ရရှိသူများ၏ ခုံနံပါတ်များအား ( ၂၀ - ၁၀ -၂၀၁၇) ရက်နေ့တွင် ဝန်ကြီးဌာန Website, MPT Website နှင့် Official Facebook Page များတွင် ထုတ်ပြန်​ ကြေညာထားမည်ဖြစ်ပြီး တယ်လီဖုန်းအမှတ်၊ ၀၁-၂၀၂၆၀၀၊ ၀၉-၄၂၃၀၀၆၃၄၈ ၊၀၉-၅၀၂၁၀၅၉ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

၃။ စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် သူများသည် အောက်ပါစာရွက်စာတမ်းများ ယူဆောင်၍ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို (၂၅ - ၁၀ - ၂၀၁၇) ရက်နေ့မှ (၂၇ - ၁၀ - ၂၀၁၇) ရက်နေ့အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံရေးရာနှင့် ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန(အမှတ်၊ ၄၄/ ၁၄၄ ) အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ထုတ်ယူရပါမည်-

 

(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း

( ခ) လျှောက်လွှာနှင့်အတူပူးတွဲထားသည့်စာရွက်စာတမ်း(မူရင်း)

 

၄။ စာမေးပွဲဖြေဆိုမည့်နေ့ရက်တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများ ယူဆောင်ရန် ပျက်ကွက်ပါက စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း အကြောင်းကြားပါသည်။