ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် ၄၀/၂၀၁၆

၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်

(၂၀၁၆ ခုနှစ်၊ မေလ ၁၂ ရက်)

ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးကျော်မျိုးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်