ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဒလသင်္ဘောကျင်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ သိမ်ဖြူသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနမှတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဦးဆောင်ညွှန်ကြားရေးမှူးက လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဒလသင်္ဘောကျင်း၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ မှတ်တမ်းထားရှိဆောင်ရွက်ကြရန်၊ အမှန်တကယ် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များချမှတ်ပြီး လျာထားအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ပြီး လုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဝန်ထမ်းများအားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် အလေးထား ဂရုပြုဆောင်ရွက်ကြရန်၊ နွေဦးရာသီရောက်ရှိလာပြီး အပူချိန်မြင့်တက်လာတော့မည် ဖြစ်သည့်အတွက်  မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်မှုအပါအဝင် စနစ်တကျ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်နှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းရေး ဆောင်ရွက်မှုကိုလည်း အပတ်စဉ် စဉ်ဆက်မပြတ် ပုံမှန်ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း မှာကြားခဲ့ပါသည်။  

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လွန်းလမ်းများအခြေအနေ၊ သမိုင်းဝင်ရှေးဟောင်း အဆောက်အဦ ပြင်ဆင်နေမှုနှင့် သင်္ဘောကျင်းပစ္စည်းစတိုအတွင်းရှိပစ္စည်းများ သတ်မှတ်ချက်နှင့်အညီ စနစ်တကျ ထားသိုမှု ရှိ/မရှိတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန