ဒုတိယဦးစီးမှူးရာထူးနှင့် စာရင်းကိုင်-၂ ရာထူး စာမေးပွဲဖြေဆိုရန် အကြောင်းကြားခြင်း

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်းကျပ် (၁၈၀၀၀၀ိ-၂၀၀၀ိ-၁၉၀၀၀၀ိ) ဒုတိယဦးစီးမှူးရာထူးနှင့် စာရင်းကိုင်-၂ ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူပြီးဖြစ်ရာ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအား ရေးဖြေစာမေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လာရောက်ဖြေဆိုနိုင်ရန် အကြောင်းကြားပါသည်-

          (က)    ကျင်းပမည့်နေ့                     ၁၈.၉.၂၀၁၆(တနင်္ဂနွေနေ့)

          ( ခ)     ကျင်းပမည့်အချိန်                 (၁၀:၀၀)နာရီမှ(၁၃:ဝဝ) နာရီထိ

          ( ဂ)     ​ဖြေဆိုရမည့်ဘာသာရပ်          မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ        

          (ဃ)    ကျင်းပမည့်နေရာ                 အ.ထ.က (၁၄)နေပြည်တော်၊(စည်ပင်ဧည့်ရိပ်သာအနီး)

၂။     အောက်ပါစာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်သည်-

        (က)  နိုင်ငံသားစိစစ်ရေးကဒ်ပြား(မူရင်း)

        (ခ)    လျှောက်လွှာနှင့်အတူပူးတွဲတင်ပြထားသည့် စာရွက်စာတမ်းများ(မူရင်း)

၃။     အထက်ဖော်ပြပါ အထောက်အထားစာရွက်စာတမ်းများ ယူဆောင်လာရန် ပျက်ကွက်ပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

၄။     စာမေးပွဲဖြေဆိုသူများသည် စာဖြေဌာန အ.ထ.က (၁၄) နေပြည်တော်သို့ (၁၈.၉.၂၀၁၆) ရက်နေ့ နံနက် (၀၉:ဝဝ)နာရီထက် နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်သည်။

၅။     စာမေးပွဲဖြေဆိုခွင့် ရရှိသူများ၏ ခုံနံပါတ်များအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ (၁၆.၉.၂၀၁၆) ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာထားမည်ဖြစ်ပါ ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၀၆၇-၄၀၇၂၅၀ သို့ လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။