ဒု-ကြီးကြပ်ရေးမှူးရာထူး နေရာများအတွက် လူတွေ့စစ်ဆေးမည့်ရက် ကြေညာခြင်း

 

 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

ဒု-ကြီးကြပ်ရေးမှူးရာထူး နေရာများအတွက် လူတွေ့စစ်ဆေးမည့်ရက် ကြေညာခြင်း

 

  • ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခေါ်ယူ ထားသော လစာနှုန်းကျပ်(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ဒု-ကြီးကြပ်ရေးမှူး ရာထူး နေရာများ အတွက် စာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းကို (၃-၁-၂၀၁၈)ရက်နေတွင် ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါသည်။

 

  • လူတွေ့စစ်ဆေးမည့် သူများ၏ အမည်စာရင်း၊ သတင်းပို့ရမည့် ရက်/ အချိန်နှင့် လူတွေ့ စစ်ဆေးမည့် ရက်/ အချိန်စာရင်းတို့ကို (၁၂-၁-၂၀၁၈) ရက်နေ့တွင် ဝန်ကြီးဌာန Website, MPT Website နှင့် Official Facebook Page များတွင် ထုတ်ပြန် ကြေညာထားပါသည်။

 

  • လူတွေ့ဖြေဆိုသူများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံရေးရာနှင့် ဥပဒေရေးရာဌာနကြီး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန (အမှတ်၊ ၄၄/ ၁၁၄) အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့တွင် သတင်းပေးပို့ရန်နှင့် ဖြေဆိုရမည် ဖြစ်ပါကြောင်း အကြောင်းကြားပါသည်။

 

12.1.2018.pdf (220.96 KB)