နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (The Third Belt and Road Forum for International Cooperation) သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂) ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အပါအဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန တို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင် ကျင်းပသော တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (The Third Belt and Road Forum for International Cooperation) သို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

တတိယအကြိမ် ရပ်ဝန်း နှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို အရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်၍ စီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Third Belt and Road Initiative) စတင်ခဲ့သည့် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

အရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်၍ နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့ (High-quality Belt and Road Cooperation: Together for Common Development and Prosperity) ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ယခုနှစ် Belt and Road ဖိုရမ်အား High-Level Forum on Digital Economy ၊ High Level Forum on Green Development နှင့် High Level Forum on Connectivity ဟူ၍ High-Level Forum (၃) ခုနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ (၆) ခုတို့ဖြင့် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် High-Level Forum on Digital Economy သို့ တက်ရောက် ဆွေးနွေးခဲ့သည်။

ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက China Great Hall ပြည်သူ့ခန်းမဆောင်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်က တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နေ့လယ်ပိုင်းတွင် China National Convention Center (CNCC) ၌ ပြုလုပ်သည့် High-level Forum on Digital Economy သို့ တက်ရောက်ခဲ့ပါသည်။ Digital Economy Forum ဖွင့်ပွဲအစီအစဉ်အဖြစ် ချီလီနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံ၊ ကွန်ဂိုနိုင်ငံ၊ ကင်ညာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊  နိုင်ဂျီးရီးယားနိုင်ငံ နှင့် ဂရိနိုင်ငံ တို့မှ နိုင်ငံခေါင်းဆောင်တို့မှ ၎င်းတို့ နိုင်ငံအသီးသီးတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေသည့် အခြေအနေများ၊ BRI စီမံကိန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပြည်တွင်းဒစ်ဂျစ်တယ် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို Leaders Statement များအဖြစ် အသီးသီး ရှင်းလင်းပြောကြား ခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က “The Opportunities of Digital Economy for shared benefits and mutual learning” ခေါင်းစဉ်ဖြင့် Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဖိုရမ်တွင် BRI မိတ်ဖက်နိုင်ငံ‌ (၁၅) နိုင်ငံမှ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာဝန်ကြီးများ သည်လည်း Speaker များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စု၀န်ကြီး ဦးကိုကိုလှိုင် နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့သည် Thematic Session on People-to-people Bonds သို့လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က High-Level Forum on Green Development သို့လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင်  “Beijing Initiative on the Belt and Road International Digital Economy Cooperation” နှင့် “Initiative on International Trade and Economic Cooperation Framework for Digital Economy and Green Development” ပူးတွဲကြေငြာချက်တို့ကို ထုတ်ပြန်ခဲ့သည်။

စက်မှုန်ကြီးဌာန၊ ဒုတိယန်ကြီး ဦးရင်မောင်ညွန့်သည် တရုတ်နိုင်ငံ China Association of Science and Technology မှ တာဝန်ရှိသူများနှင့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် တွေ့ဆုံပြီး စက်မှုဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သက်မွေးသင်တန်းကျောင်းတွင် လျှပ်စစ်ကားများ ပြုပြင် ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများအတွက် သင်ကြားရေးတွင်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများ နှင့် သတ္တုဗေဒဆိုင်ရာနှင့် စက်မှုနည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်သို့တက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယန်ကြီးချုပ်နှင့် ပြည်ထောင်စုန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စုန်ကြီး ဦးကိုကိုလှိုင် တို့သည် တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က တည်ခင်းည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

ယခုကျင်းပသည့် ဖိုရမ်တွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံပေါင်း (၁၅၀)မှ ဝန်ကြီးများ၊ အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း (၃၀) ကျော်တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူ ပညာရှင်များ အပါအဝင် စုစုပေါင်း (၄,၀၀၀) ဦးခန့် ပါဝင်တက်ရောက်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန