နိုင်ငံတော်သမ္မတဦးထင်ကျော် ADB ဥက္ကဋ္ဌ အားလက်ခံတွေ့ဆုံ ပွဲ ပြည်ထောင်စုဝန်ကြီး တက်ရောက်

၂၀၁၆ခုနှစ် ဇွန်လ  ၁၄ ရက်နေ့ နံနက်(၁၁)နာရီ တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာ တကဲဟိကိုနာကာအို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်နေသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အာရှဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌနှင့်ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ဦးကျော်ဝင်းနှင့် ဦးဝင်းခိုင်တို့ တက်ရောက်ခဲ့ကြသည်။