နှစ်စဉ်ကြေးပေးသွင်းရန်နှင့် လုပ်ငန်းအစီရင်ခံစာပေးပို့ရန် ကျန်ရှိသည့် လိုင်စင်ရကုမ္ပဏီများသို့ အသိပေးအကြောင်းကြားခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများထံမှ  သတ်မှတ်ထားသော အခကြေးငွေများကို နည်းဥပဒေ၂၄ ၊နည်းဥပဒေခွဲ(က)အရ ကောက်ခံလျက်ရှိရာ အောက်ဖော်ပြပါ ကုမ္ပဏီများသည်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပေးဆောင်ရန်ရှိသော နှစ်စဉ်ကြေးများအား ပေးဆောင်မှုမရှိခြင်း၊ လိုင်စင်စည်းကမ်းအရ (၃)လတစ်ကြိမ် လုပ်ငန်းအစီရင်ခံစာအား ပေးပို့တင်ပြရန်ဖြစ်သော်လည်း ပေးပို့တင်ပြမှုမရှိခြင်း၊ ဌာနမှ အကြိမ်ကြိမ်ဆက်သွယ် ဆောင်ရွက်ရာတွင်လည်း ဆက်သွယ်၍မရခြင်းတို့ကြောင့် ပေးသွင်းရန်ရှိသည့် နှစ်စဉ်ကြေးများအား ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ၂၈ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးသွင်းရန်နှင့် ဆက်သွယ်ပေးသွင်းခြင်း မရှိပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃၉၊ ၄၀၊ ၄၁ အရ လိုင်စင်အပြီးအပိုင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။

(က)    Shwe Pyi Ta Gon Telecommunication Public Co.,Ltd

(ခ)     Blue wave Broadband Ltd

(ဂ)     Moe Ko San Co.,Ltd

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန