ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

ရုံးအမှတ်(၂)၊ နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနတွင် လစ်လပ်လျှက်ရှိသော လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းအင်ဂျင်နီယာ-၂ ရာထူး (၁၈)နေရာအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းရှိသူများ လျှောက်ထားနိုင်ပါသည် -

       (က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

       (ခ )   လျှောက်ထားသူများသည် ၃၁-၁-၂၀၁၈ ရက်နေ့တွင် -

           (၁)   ပြင်ပပုဂ္ဂိုလ် ဖြစ်ပါက အသက်(၃၀)နှစ်ထက် မကျော်လွန်သူ

           (၂)   အစိုးရဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

       (ဂ )   ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

       (ဃ)   ဤဌာနတွင် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

       (င)   နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

      (စ)   ပြင်ပပုဂ္ဂိုလ်များအတွက် အနည်းဆုံးပညာအရည်အချင်း သတ်မှတ်ချက်မှာ B.C.Sc၊ B.C.Tech၊ B.Tech ဘွဲ့ရရှိသူ (သို့မဟုတ်) B.Sc (Physics/ Maths)၊ A.G.T.I  ဘွဲ့/  ဒီပလိုမာရရှိပြီး ကွန်ပျူတာအခြေခံသင်တန်း အောင်လက်မှတ် ရရှိသူဖြစ်ရမည်။

      (ဆ)   အစိုးရ ဝန်ထမ်းများအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဌာနဆိုင်ရာ အသိအမှတ်ပြု ဘာသာရပ်ဆိုင်ရာ သင်တန်း တက်ရောက်ပြီးသူဖြစ်ရမည်။

၂။     လျှောက်လွှာတွင် အောက်ပါအချက်များကို ပြည့်စုံစွာ ဖော်ပြရမည် -

       (က)   လျှောက်ထားသူအမည်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

       (ခ )   မွေးနေ့သက္ကရာဇ်နှင့် အသက်

       (ဂ )   လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ

       (ဃ)   ပညာအရည်အချင်း၊ အောင်မြင်သည့် ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း/တက္ကသိုလ်

       (င )   မိဘအမည်နှင့် အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

       (စ )   ဆက်သွယ်ရန် နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်

      (ဆ)    အမြဲတမ်းနေရပ်လိပ်စာ (အပြည့်အစုံ)

၃။     လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည် -

       (က)   ၂ လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၃) ပုံ

       (ခ)   နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ

       (ဂ)   ပညာအရည်အချင်းအတွက် အထောက်အထား မူရင်း/မိတ္တူ

         (ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ်၊ အောင်မြင်ခဲ့သည့် ကျောင်း၏ ထောက်ခံစာ)

       (ဃ)   ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်း/မိတ္တူ

         (အလုပ်သမားရုံးအမည်ပါဝင်ရမည်)

       (င)   အစိုးရဌာနတွင် တာဝန်ထမ်းဆောင်သူဖြစ်လျှင် လက်ရှိ တာဝန်ထမ်းဆောင်လျှက်ရှိသည့် ရာထူး၊ လစာနှုန်း၊ ဌာနနှင့် အဖွဲ့အစည်း၏ ခွင့်ပြုမိန့်မူရင်း

       (စ)   ဝင်ကြေးငွေကျပ် (၁၀၀၀) ပေးသွင်းထားသည့် ချလန်မူရင်း

      (ဆ)   အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် မူရင်းနှင့် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့၏  ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် မူရင်း(တစ်လအတွင်းမှ ထောက်ခံချက်)

၄။     စာမေးပွဲဝင်ကြေး ကျပ် ၁၀၀၀ (တစ်ထောင်တိတိ)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသည့်၊ ညွှန်ကြားရေးမှူးချုပ်၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ငွေစာရင်းအမှတ် MD-013318 သို့ ပေးသွင်းရမည် ဖြစ်ပါ သည်။

၅။    လျှောက်လွှာများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ ၉-၃-၂၀၁၈ ရက်နေ့၊ ရုံးချိန်အတွင်း ၁၆:၀၀ နာရီ နောက်ဆုံးထား၍ အရောက်ပြန်လည်ပေးပို့ရမည်။

၆။     အစိုးရဝန်ထမ်းဖြစ်လျှင် လျှောက်လွှာမူရင်းခွဲ တစ်စောင်ကို မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ဤဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန သို့ ၁၂-၃-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ ထပ်မံ ပေးပို့ ရမည်ဖြစ်ပါသည်။

၇။     လျှောက်လွှာနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော စာရွက်စာတမ်းမပြည့်စုံလျှင်သော်လည်းကောင်း၊ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျလျှင်သော်လည်းကောင်း၊ ကျော်လွန် ပေးပို့လာသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။

၈။     လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် မြန်မာစာဘာသာရပ်များပါဝင်သော အရည်အချင်းစစ် ရေးဖြေစာမေးပွဲ (၂)နာရီမေးခွန်း ဖြေဆိုရမည်ဖြစ်ပြီး၊ ရေးဖြေစာမေးပွဲ အောင်မြင်သူများကို လူတွေ့စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲ ကျင်းပမည့် ရက်ကို ဆက်လက်အကြောင်းကြားမည်ဖြစ်ပါသည်။

၉။     အသေးစိတ်သိရှိလိုပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံရေးရာဌာနစိတ်၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်း - ၀၆၇၃-၄၀၇၇၁၅ သို့ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

Form for Job.PDF (236.19 KB)