မြစ်ရေကြီးမှုအခြေအနေသတင်း

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးမှုအခြေအနေသတင်း

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်၊ (၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

 

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၂)ရက် အတွင်း (၁)ပေခွဲခန့် ကျဆင်းနိုင်ကာ  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် (၃)ပေခန့်၊ မော်လိုက်မြို့တွင် (၆)ပေခန့်၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် (၄)ပေခွဲခန့်စီနှင့် မုံရွာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန် နေပြီး၊ နောက် (၁)ရက်အတွင်း ဖောင်းပြင်မြို့၊ မော်လိုက်မြို့နှင့် ကလေးဝမြို့တို့တွင် ပေဝက်ခန့်စီ၊ နောက် (၃)ရက်အတွင်း မင်းကင်းမြို့တွင် (၁)ပေခန့်နှင့် မုံရွာမြို့တွင် ပေဝက်ခန့် ဆက်လက် တက်လာနိုင်ကာ  ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

အကြံပြုချက်

          သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

www.moezala.gov.mm