မြစ်ရေကြီးမှုအခြေအနေသတင်း

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြစ်ရေကြီးမှုအခြေအနေသတင်း

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်၊ (၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ နောက် (၃)ရက် အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် (၃)ပေခွဲခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက် (၂)ရက်အတွင်း ဟုမ္မလင်းမြို့တွင် (၂)ပေခွဲခန့်နှင့် နောက် (၃) ရက်အတွင်း ဖောင်းပြင်မြို့တွင် (၂)ပေခန့် ကျဆင်းနိုင်ကာ  ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၇)ပေခန့်၊ ကလေးဝမြို့တွင် (၅)ပေခွဲခန့်၊ မင်းကင်းမြို့တို့တွင် (၅)ပေခန့်၊ ကနီမြို့တွင် (၂)လက်မခန့်နှင့် မုံရွာမြို့တွင် (၂)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် နေပြီး၊ နောက် (၁)ရက်အတွင်း မော်လိုက်မြို့တွင် ပေဝက်ခန့်၊ နောက် (၂)ရက်အတွင်း ကလေးဝမြို့နှင့် မင်းကင်းမြို့တို့တွင် (၂)ပေခွဲခန့်စီ၊ နောက် (၃)ရက်အတွင်း ကနီမြို့တွင် (၂)ပေခန့်နှင့် မုံရွာမြို့တွင် (၁)ပေခွဲခန့် ဆက်လက် တက်လာနိုင်ကာ  ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက် တည်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

 

www.moezala.gov.mm