မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် Xiamen University (China) တို့ ပူးပေါင်း၍ “Management of Archipelago & International Law of the Sea” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် တရုတ်နိုင်ငံ South China Sea Institute (SCSI) Xiamen University တို့ပူးပေါင်း၍ “Management of Archipelago & International Law of the Sea” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ဇွန်လ ၁၃ ရက်နှင့် ၁၄ရက်နေ့ များ၌ ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကျွမ်းကျင် ပညာရှင်များ၏ အတွေ့အကြုံ ဗဟုသုတများကို ဖြန့်‌ဝေပေးရန်နှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများမှ ရရှိသော သင်ခန်းစာများဖြင့်  မြန်မာ့အဏ္ဏဝါပင်လယ်ပြင် နှင့် ကမ်းရိုးတန်းတလျှောက်ရှိ ရေသယံဇာတရင်းမြစ်များအား စနစ်တကျ အသုံးပြုနိုင်ရေးနှင့် ၎င်းတို့ကို ရေရှည်ထိန်းသိမ်းပြီး စနစ်တကျ စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဒေါက်တာ မိခင်စောအောင် (ပါမောက္ခ၊ ဌာနမှူး၊ ဥပဒေပညာဌာန၊ ဒဂုံတက္ကသိုလ်) မှ “Legal Issues on the Continental Shelf of Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာစံသာထွန်း (ပါမောက္ခ၊ ဌာနမှူး၊ အဏ္ဏဝါ သိပ္ပံပညာဌာန၊ မော်လမြိုင်တက္ကသိုလ်) မှ “Conservation Needs and Management of Archipelago in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Dr. Kwen Chen Fu (Professor & Dean of SCSI, Xiamen University) မှ “Distant Offshore Archipelago and Straight Baseline” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Dr. P.V.Rao (Former Director, Indian Ocean Centre, Osmania University, India) မှ “Legal Regime of India’s Island Groups” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Mr. Zheng Fan (Research Assistant, Sichuan University) မှ “The development of the Law of the Sea and the Archipelagic Regime” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Ms. LIU Li (Ph.D. candidate, SCSI, Xiamen University) မှ “Brief Introduction to Australia Legal Regime of Archipelago” ခေါင်းစဉ်ဖြင့်လည်းကောင်း အဏ္ဏဝါ သယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲခြင်းနှင့် ဥပဒေများနှင့် ပတ်သက်၍ ဖတ်ကြား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို ပြုလုပ်နိုင်ခဲ့သောကြောင့် အနာဂတ်တွင် တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ပြုလုပ်နိုင်မည် ဖြစ်ပြီး ရေရှည်အကျိုးကျေးဇူး ရရှိနိုင်မည့် ရေသယံဇာတ အရင်းအမြစ်များအား စီမံခန့်ခွဲခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ဥပဒေများ အပေါ် စီမံခန့် ခွဲခြင်းများကို ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။