မြန်မာနိုင်ငံအမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

 

မြန်မာနိုင်ငံအမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို (၂၈.၆.၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များ မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး ကော်မတီ ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအား (၂၄.၂.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ဒုတိယအကြိမ် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ်အစည်း အဝေးတွင် ဆွေးနွေးခဲ့ကြသော အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး မူဝါဒများအား ညှိနှိုင်း အတည်ပြု ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေဆိပ်(၃)ခုအား Security Management contract ပေးနိုင်ရေးကိစ္စအပေါ် ဝိုင်းဝန်း ဆွေးနွေး ပေးကြစေလိုပါကြောင်း၊ National Committee အနေဖြင့် မူဝါဒပိုင်းဆိုင်ရာများ ချမှတ် ဆောင်ရွက်သွားမှာဖြစ်ပြီး Working Committee အနေဖြင့် လုပ်ဆောင်ချက်များအား ကြီးကြပ် လုပ်ဆောင်သွားမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် International Civil Aviation Organization (ICAO) ၏ အဖွဲ့ဝင် နိုင်ငံဖြစ်သည် နှင့်အညီ လေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား သတ်မှတ်ချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေး ကြစေလိုပါကြောင်း ပြောကြားပါသည်။

 

အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးကော်မတီ အတွင်းရေးမှူး၊ လေကြောင်းပို့ဆောင်ရေး ညွွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လေကြောင်းဆိုင်ရာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီဖွဲ့စည်းမှုများ၊ ပြင်ဆင် ဖြည့်စွက်ဖွဲ့စည်းမှုများ၊ Security Management Contract ဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်း တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူ များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အကြံပြုချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။