မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယဝန်ကြီးတက်ရောက်

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယဝန်ကြီးတက်ရောက်

         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်း အသွင် ပြောင်းလဲဖွဲ့စည်းရေး ဦးဆောင်ကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၀-၁-၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး တက်ရောက်၍ အဖွင့်အမှာစကား‌ ပြောကြားခဲ့ ပါသည်။

အစည်းအဝေးသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ ဌာနအကြီးအကဲများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဥပဒေအကြံပေးများ တက်ရောက်ခဲ့ကြပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား ကော်ပိုရေးရှင်းအသွင် ပြောင်းလဲဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာဌာနများ၏ သဘောထား မှတ်ချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲ ထားသည့် ဥပ‌ဒေ(မူကြမ်း)အပေါ် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

news release.pdf (328.32 KB)