မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၇)မိနစ်၊ (၂၉) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သာယာဝတီမြို့၏ အရှေ့-အရှေ့တောင်ဘက် (၇) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၇.၆၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၈) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

