မြေငလျင်သတင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၀၈) မိနစ်၊ (၂၈) စက္ကန့်အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၅၀) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Bangladesh)၊ မြောက်လတ္တီတွဒ် (၂၃.၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၀.၆၈) ဒီဂရီ၊ အနက် (၂၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

