ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်

နေပြည်တော်၊ နိုဝင်ဘာလ   ၂  ရက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV MCL-5 ရေယာဉ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ ပေးပို့သည့် ဆန် ၂၄ ပြည် (၄၀၀၀၀) အိတ်နှင့် စည်သွပ်ဗူး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် အချိုရည်စသော အသင့်စားသောက်နိုင်သည့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် စုစုပေါင်း (၂၀၅၆.၅၁) တန်အား တင်ဆောင်၍  ၂-၁၁-၂၀၂၃ ရက်နေ့ ညနေပိုင်းတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန