ရုံးလုပ်ငန်း ဆိုင်ရာ အခြေခံ Computer သင်တန်း ဆင်းပွဲ ကျင်းပ

ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေး နှင့် စာတိုက် သင်တန်းကျောင်း အနေဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက် စေရေး အတွက် ၀န်ထမ်းများ အား ဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်းများနှင့် အထောက်အကူပြု သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ နေပြည်တော် ရှိ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန e-Learning Center တွင် ဖွင့်လှစ် ပို့ချခဲ့သည့် ရုံးလုပ်ငန်း ဆိုင်ရာ အခြေခံ Computer သင်တန်း (PC For Office Applications Course) သင်တန်း ဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက် ၁၀:ဝဝ နာရီ က ကျင်းပ ပြုလုပ်ခဲ့ ပါသည်။

အဆိုပါ သင်တန်း အား ၁၉-၅-၂၀၁၄ မှ ၁၃-၆-၂၀၁၄ ရက်နေ့ အထိ ရက်သတ္တ (၄) ပါတ် ကြာ စာတွေ့ လက်တွေ့ သင်ကြား ပို့ချ ပေးခဲ့ ပြီး ဝန်ကြီးဌာန (၄၁) ခု မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၅)ဦး တက်ရောက် ခဲ့ ပါသည်။

သင်တန်း ဆင်းပွဲ အခမ်းအနား တွင်  ကြေးနန်း ဆက်သွယ်ရေး နှင့် စာတိုက် သင်တန်းကျောင်း မှ ဒု-ကျောင်းအုပ် က သင်တန်းဆင်း အမှာစကား ပြောကြား ခဲ့ပြီး  သင်တန်းသူ/သား များအား သင်တန်းဆင်း အောင်လက်မှတ် များ ပေးအပ် ခဲ့ပါသည်။