သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Basic Networking Course နှင့် Linux System Administration Course သင်တန်းဖွင့်ပွဲအခမ်းအနား

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ ကွန်ရက်ချိတ်ဆက်ခြင်းကို နားလည် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Basic Networking Course တတိယအကြိမ်သင်တန်းနှင့် ဝန်ကြီးဌာန ဝက်ဆိုက်၊ ဒေတာစင်တာနှင့် ရုံးသုံးပရိုဂရမ်များတွင် အသုံးများသည့် Open Source Linux Operating System Administration Course ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၃.၂.၂၀၁၈) ရက်​နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

Basic Networking Course (တတိယအကြိမ်) သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၉)ခုမှ သင်တန်းသား (၃၇) ဦး နှင့် Linux System Administration Course (ဒုတိယအကြိမ်) သင်တန်းကို   ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၃)ခုမှ သင်တန်းသား (၁၈) ဦးတို့ တက်ရောက်ကြောင်း သိရပါသည်။

သင်တန်းကာလမှာ (၁၃-၂-၂၀၁၈)ရက်နေ့မှ (၂၃-၂-၂၀၁၈)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။