အရေးပေါ် အသက်ကယ်ကုသနည်း လက်တွေ့ပညာပေးခြင်း

နှလုံးသွေးကြောရောဂါ ကာကွယ်ရေးစီမံချက်မှ အရေးပေါ် အသက်ကယ်ကုသနည်း သင်တန်းအား နှလုံးအထူးကု ဆရာဝန်ကြီးများမှ လက်တွေ့ပညာပေးခြင်း အစီအစဉ်ကို (၂၈-၉-၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်မှ (၁၁) နာရီအချိန်ထိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ် သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။