(၂၀၁၈) ပညာသင်နှစ်အတွက် English Language Training သင်တန်းဖွင့်လှစ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၂)နေပြည်တော်တွင် သတင်းအချက် အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၌ English Language သင်တန်းကို ဇွန်လ(၁၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းသည် International IELTS စာမေးပွဲဖြေဆိုနိုင်ရန် အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာ ဆည်းပူးလိုသူများအတွက်  ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ သင်ကြားချိန် (၇၂)နာရီဖြင့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ ဦးစီး/လုပ်ငန်းဌာနများမှ ဝင်ခွင့်စာမေးပွဲအောင်မြင်သူ သင်တန်းသား(၁၇)ဦး  တက်ရောက် သင်ကြားလျက်ရှိကြောင်းသိရှိရပါသည်။ 

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား နိုင်ငံတကာ အဆင့်အင်္ဂလိပ်စာအရည်အချင်းပြည့်မီစေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ English Language သင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။