e-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြည်ထောင်စု ဝန်ကြီး တက်ရောက်

e-Government လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဇူလိုင် လ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဌာနတိုင်းမှ လိုအပ်တဲ့ ဝန်ထမ်းများကိုပါ ဖွဲ့စည်းလေ့ကျင့်ပေးပြီး စနစ်တကျ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်းချိတ်ဆက်ညှိနှိုင်းသွားရန်နှင့် လုပ်ဆောင်ချက်နှင့် လိုအပ်ချက်များကို ပွင့်လင်းစွာညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ ဌာနတိုင်းတွင် တာဝန်ယူမှုနှင့် တာဝန်ခံမှု လျော့နည်းနေသည့်အတွက် အောင်မြင်မှု လျော့နည်းနေသည် ကို ဆန်းစစ် တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဌာန အချင်းချင်း စဉ်ဆက်မပြတ် ညှိနှိုင်းချိတ်ဆက် လုပ်ဆောင်သွားမှ သာလျှင် အောင်မြင်လာမည်ဖြစ်ကြောင်း၊  e-Government စနစ် ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးကိစ္စအဝဝ ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူလျင်မြန်ချောမွေ့ပြီး နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းအားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ထားသည့် အစီအမံများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အား ဆွေးနွေးတင်ပြခဲ့ကြ ပါသည်။