e-government လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရေးညှိနှိုင်းစည်းဝေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှ e-government လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် ကုန်သည် လမ်းထောင့် ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သတင်းအချက် အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီးစိုးရင်က မြန်မာနိုင်ငံတွင် e-government လုပ်ငန်းစုအား လက်ရှိအကောင် အထည် ဖော်ဆောင်ရွက်နေမှု အခြေ အနေများ၊ အခက်အခဲများအား ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်း များ၊ ရှေ့ဆက်ဆောင် ရွက်မည့် ဦးဆောင်ကော်မတီနှင့် လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင် ရွက်မည့် အခြေအနေ၊ မဟာဗျူဟာ၊ ဥပဒေ၊ မူဝါဒ နှင့် လမ်းညွှန်ချက်များရေး ဆွဲဆောင်ရွက် မည့်အခြေအနေ၊ လမ်းပြမြေပုံနှင့်လုပ်ငန်း စဉ်မူဘောင်များ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးစိုးသိန်းက e-government လုပ်ငန်းများ အောင်မြင်ရေး အတွက် နိုင်ငံတော်တွင် လက်ရှိဆောင်ရွက် ပြီးဖြစ်သည့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီ အမံများအားရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် က တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ပညာရှင်များက e-government လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က e-government လုပ်ငန်းများ အရှိန် အဟုန်မြှင့် တင် ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေး နွေး အကြံပြုချက်များ အပေါ် ကျေးဇူး တင်ရှိကြောင်းနှင့် e-government လုပ်ငန်းများ ယနေ့ထက် ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးအ တွက် ဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမှသာလျှင် ပိုမိုအောင်မြင် လာမည် ဖြစ်ကြောင်း ဝန်ကြီးဌာနများနှင့် ပြည်သူ များ အကျိုးရှိစွာ ဆက်သွယ်အသုံး ပြု ဆောင်ရွက်သွားနိုင်ရေးအတွက် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ e-governmentလုပ်ငန်း များကို ဝန်ကြီးဌာနအလိုက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် အမျိုးသား အဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ချိတ်ဆက်ဆောင်ရွက် သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း ပြောကြားသည်။