Global Technology Co.,Ltd သို့ MCC နှင့် MNC နံပါတ်များ သတ်မှတ်ပေးနိုင်ရေးအတွက် အများပြည်သူသဘောထားတောင်းခံခြင်း

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် 2600 MHz လှိုင်းနှုန်းစဉ်လိုင်စင်ရရှိသည့် Global Technology Co.,Ltd မှ LTE နည်းပညာဖြင့် အင်တာနက်ဝန်ဆောင်မှုပေးရာတွင် တည်ဆောက်မည့် Network ၌ Authentication Process အတွက် အသုံးပြုရန်လိုအပ်လျက်ရှိသော Mobile Country Code ( MCC ) နှင့် Mobile Network Code  ( MNC ) နံပါတ်များအား အသုံးပြုခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Global Technology Co.,Ltd သို့ MCC - 414  နှင့် MNC - 23  သတ်မှတ်ပေးရာတွင် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၃ ) ၊ အပိုဒ် ( ၁၂ ) ( စ ) ပါပြဋ္ဌာန်းချက်များနှင့်အညီ စိတ်ပါဝင်စားသူများ၏သဘောထားကိုပါ ထည့်သွင်း စဉ်းစားနိုင်ရန်အတွက် အများပြည်သူသဘောထားတောင်းခံအပ်ပါသည်။ သဘောထားမှတ်ချက် များပေးပို့လိုပါက ( ၃၁ - ၅ - ၂၀၁၈ ) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

၁။ ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

၀၆၇ - ၃၄၀၇၆၀၉ ၊ [email protected]

၂။ ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စီမံခန့်ခွဲမှုဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

၀၆၇ - ၃၄၀၇၆၂၆ ၊ [email protected]