ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

သတင်းများ

တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ် ပြသခွင့် လိုင်စင် ရရှိသော ကုမ္ပဏီများစာရင်း

Published: Dec 15 Posted Under: Place: နေပြည်တော်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တယ်လီဖုန်း ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ်ပြသခွင့် လိုင်စင် လာရောက် လျှောက်ထားသူများအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁၂.၁၂.၂၀၁၇) ရက်နေ့အထိ လိုင်စင်ထုတ်ပေးခဲ့သော ကုမ္ပဏီများ စာရင်းအား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ပြည်တွင်း/ပြည်ပကုမ္ပဏီများစာရင်း

Published: Dec 15 Posted Under: Place: နေပြည်တော်

 

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လာရောက် လျှောက်ထားသူများအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စိစစ်ဆောင်ရွက်ပြီး (၁၂.၁၂.၂၀၁၇) ရက်နေ့အထိ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများ စာရင်းအား အောက်ဖော်ပြပါ Link တွင် Download ရယူနိုင်ပါသည်။

Open Government Data မူဝါဒရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မှ အဖွင့်အမှာစကားတက်ရောက်ပြောကြား

Published: Nov 30 Posted Under: Place: နေပြည်တော်

အစိုးရ၏ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များအား ပြည်သူများမှ ကျယ်ပြန့်စွာနှင့် ထိရောက်စွာ အသုံးချနိုင်ရန်အတွက် အစိုးရဌာနများ၏ သတင်းအချက်အလက်များအား ဘုံအဖြစ် စုစည်းတည်ဆောက်ပြီး မျှဝေအသုံးပြုသွားရမည်ဖြစ်ရာ လိုက်နာကျင့်သုံးရန် လိုအပ်သော............

တယ်လီဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍သုံးစွဲသူများသို့ အသိပေးခြင်း

Published: Nov 23 Posted Under: Place: နေပြည်တော်

 

၁။      တယ်လီဖုန်းဘီလ် ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှုရှိစေရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား တယ်လီဖုန်း အော်ပရေတာများသို့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ သတ်မှတ်ချထား ပေးစဉ်ကတည်းက သတ်မှတ်ထားပြီး ဖြစ်ပါသည်။

၂။      သုံးစွဲသူများအနေဖြင့် မိမိတို့၏ တယ်လီဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက သက်ဆိုင်ရာ တယ်လီဖုန်း အော်ပရေတာများထံ မိမိတို့ အသုံးပြုသည့် တယ်လီဖုန်း ဘီလ်စာရင်းအားလည်းကောင်း၊ ရှင်းလင်းမှုမရှိသည်များအားလည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနိုင်ပါသည်။ 

Pages