Workshop on Regulatory Role and Key Issue အလုပ်ရုံဆွေးနွေးပွဲ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးရုံး အစည်း အဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက် နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန နှင့် နော်ဝေနိုင်ငံ Norwegian Posts and Telecommunications Authority တို ့ပူးပေါင်းစီစဉ်မှုဖြင့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တွင် Norwegian Posts and Telecommunications Authority မှ Ms.Camilla Ongre, Mr. Willy Brathen Jensen , Mr.John-Eivind Velure နှင့် Telenor ကုမ္ပဏီ မှ Mr. Erlend Fanebust နှင့် Mr. hans Martin တို့ တက်ရောက်ကြပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ တို့ မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် Regulatory Function များဖြစ်သော Licensing ၊ Frequency Management ဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးကြပါသည်။