YBS အထူးယာဉ်မောင်းသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)တို့ ပူးပေါင်းဖွင့်လှစ်သော YBS အထူးယာဉ်မောင်းသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ရုံးချုပ်၌ ၁၇.၇.၂၀၁၇ ရက်နေ့ နံနက် ၀၉:၀၀နာရီအချိန်တွင် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစန်းမြင့်ဦး နှင့် ကုန်းလမ်းပို့ဆောင်ရေးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား(၁၀၅)ဦးတို့ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစန်းမြင့်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်တို့က သင်တန်းဖွင့် အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကြပါသည်။

အဆိုပါသင်တန်းအား စာတွေ့နှင့် လက်တွေ့လေ့ကျင့်မှုများကို ကုန်းလမ်းပို့ဆောင်ရေး၊ ခရီးသည်ပို့ဆောင်ရေးဌာနခွဲ အမှတ်(၅)တွင် ရက်သတ္တ(၂)ပတ်ကြာ လေ့ကျင့် သင်ကြားပေးမည် ဖြစ်ကြောင်း သိရပါသည်။