(မြန်မာစံတော်ချိန် ၀၄း၂၅ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၁၀)မိနစ်၊ (၃၂) စက္ကန့် အချိန် တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်ဘက် (၆၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အနောက်-အနောက်တောင်ဘက် (၃၂) မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၅၅) ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၁(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

