အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့စာတိုက်လုပ်ငန်း

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

 

၁။      ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လက်တွန်းလှည်း (၂၀၀) စီးအား မြန်မာကျပ်ငွေ ဖြင့်ဝယ်ယူမည်ဖြစ်ပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

၂။

အိတ်ဖွင့်တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်

၆-၅-၂၀၂ ရက် (ဗုဒ္ဓဟူးနေ့)

၃။

အိတ်ဖွင့်တင်ဒါလျှောက်လွှာ အရောင်း ပိတ်မည့်ရက်

၂၆-၅-၂၀၂ ရက် (အင်္ဂါနေ့)

၄။

အိတ်ဖွင့်တင်ဒါလျှောက်လွှာ ရောင်းချမည့်နေရာ

ထောက်ပံ့ရေးဌာန

မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်)၊ နေပြည်တော်

၅။

အိတ်ဖွင့်တင်ဒါလျှောက်လွှာ တင်သွင်းရမည့်နေရာ

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) နေပြည်တော်

၆။

အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့် ရက်နှင့်အချိန်

ထပ်မံကြေညာသွားပါမည်

၇။      အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၉- ၂၅၂၀၀၀၀၅၃ သို့ဖြစ်စေရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

တင်ဒါကော်မတီ (ဆက်သွယ်ရေး)

ဒီဂျစ်တယ်ဖွံ့တိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

မြန်မာ့စာတိုက်လုပ်ငန်း (ရုံးချုပ်) နေပြည်တော်