ဂျပန်နိုင်ငံ ပြည်တွင်းရေးရာ နှင့် ဆက်သွယ်ရေး ၀န်ကြီး လာရောက်တွေ့ဆုံ

ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာ နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ၀န်ကြီး Mr. Yoshitaka Shindo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဆက်သွယ်ရေး နှင့်သတင်း အချက်အလက် နည်းပညာ ၀န်ကြီး ဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း အား ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် နံနက် ၁၀၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ ၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ ၏ စာတိုက် လုပ်ငန်း နှင့် ICT ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်နိုင်ငံ မှ ကူညီ ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။