ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အသိပေးကြေညာချက် ( ၉.၈.၂၀၁၈)

                                                                                                                

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန 

အသိပေးကြေညာချက်  

၁။          ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးတွင်လုပ်ငန်းဆောင်ရွက် သူပြည်သူများအဆင်ပြေချောမွေ့စေရေးအတွက်နှစ်လဲမှတ်ပုံတင်သက်တမ်းတိုးမည့်ယာဉ်များယာဉ်စစ်ရက်ချိန်းရယူခြင်းအား www.rtad.gov.mm Website တွင် ကြိုတင်စာရင်း သွင်းသည့်စနစ် (Online Booking System)ကို (၂.၁.၂၀၁၈)ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။

၂။      ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် နေ့စဉ်ယာဉ်မှန်/မမှန် စစ်ဆေးဆောင်ရွက် ပေးသည့် ယာဉ်စီးရေ များပြားလျက်ရှိ သဖြင့် လုပ်ငန်းစဉ်များ  နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ယာဉ်စစ်ရက်ချိန်း ရယူခြင်းအား  www.rtad.gov.mm Website တွင်  ကြိုတင်စာရင်းသွင်းသည့် စနစ် (Online Booking System)ကို  ၂၀.၈.၂၀၁၈ ရက်  (တနင်္လာနေ့)မှ စတင်   ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။                                              

၃။      မော်တော်ယာဉ် မှတ်ပုံတင် မှန်ကန်ခြင်း ရှိ/မရှိ ယာဉ်စစ်ဆေးခြင်းကို နေ့စဉ် ရုံးဖွင့်ရက်များ အတွင်း နှစ်လဲသက်တမ်းတိုး ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးချိန် နေ့လည်(၂)နာရီ နောက်ပိုင်း၊ လစဉ် လဆန်း(၁)ရက်မှ (၂၅)ရက်အတွင်း  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး Online Booking ကို အနည်းဆုံး(၂)ရက်မှ အများဆုံး (၃၀)ရက်အထိ ကြိုတင်ရယူနိုင်မည် ဖြစ်ပါသည်။ ရုံးဖွင့်ရက် တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါမော်တော်ယာဉ်စီးရေများအတိုင်း လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်-

စဉ်

ရုံးအမည်

ယာဉ်စစ်ဆေးပေးမည့်

စီးရေ

(က)

တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)

၂၅

( ခ)

ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)

၃၅

( ဂ)

ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)

၅၀

(ဃ)

ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)

၂၅

( င )

ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)

၃၀

၄။      Online အသုံးပြုရန် အသေးစိတ်အချက်အလက်များအား www.motc.gov.mm www. myanmarrtad.com www.rtad.gov.mm Website များနှင့် Road Transport  Facebook Page တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ မရှင်းလင်းသည်များရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

  • ရုံးချုပ်(နေပြည်တော်)              –       ၀၆၇-၃၄၀၅၀၉၉
  • တိုင်းဒေသကြီးရုံး(ရန်ကုန်)             –       ၀၁-၅၇၀၉၆၇
  • တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)       –       ၀၁-၂၅၈၅၀၈၂
  • ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)             –       ၀၁-၅၉၀၁၀၇
  • ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)        –       ၀၁-၅၇၃၁၀၉
  • ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)            –       ၀၅၆-၂၁၀၈၀ 
  • ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)           –       ၀၁-၃၆၄၄၄၁၀

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန