ကုန်းလမ်းပို့ဆောင်ရေးနှင့် China FAW Group Import and Export Co., Ltd, Changchun Automobile Industry Institute တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

 

ကုန်းလမ်းပို့ဆောင်ရေးနှင့် China FAW Group Import and Export Co., Ltd, Changchun Automobile Industry Institute တို့ ၆.၈.၂၀၁၈ရက်(တနင်္လာနေ့) ၁၄:၃၀ နာရီအချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၌ မော်တော်ယာဉ်အလုပ်ရုံများနှင့် မော်တော်ယာဉ် ထုတ်လုပ်မှု အဆင့်မြင့်နည်းပညာများ ကို လေ့လာသင်ယူနိုင်ရန်နှင့် မိမိဌာနတွင် ပြန်လည်အသုံးချနိုင်ရန်ရည်ရွယ်၍ နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ ပါသည်။