Advanced Networking II ၊ PHP Programming ၊ Linux Foundation နှင့် Microsoft Office Excel 2019 (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Advanced Networking II (၀၂၀၇/၀၂/၂၄-၂၅) သင်တန်း ၊ PHP Programming (၀၃၀၅/၀၁/၂၄-၂၅) သင်တန်း ၊ Linux Foundation (၀၄၀၁/၀၁/၂၄-၂၅) သင်တန်း  နှင့် Microsoft Office Excel 2019 (Online) (၀၁၀၃/၀၁/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၉၈ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Advanced Networking II သင်တန်းသည် မိမိတို့ဌာနအတွင်းရှိ Core Network လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်နိုင်စေရန်နှင့် တာဝန်ယူနေဆဲ ဝန်ထမ်းများအတွက်လည်း အထောက်အကူ ဖြစ်စေရန်        e-Government Project များတွင်  မဖြစ်မနေသိထားသင့်သည့် Network Performance မြှင့်တင်ခြင်း၊ လုံခြုံသည့်ကွန်ရက် ဆက်သွယ် တည်ဆောက်ခြင်း၊ ကွန်ရက်အတွင်းရှိ ဒေတာစီးဆင်းမှု လုံခြုံရေးကို မြှင့်တင်ပေးခြင်း နှင့်  Monitoring ပြုလုပ်ခြင်း နည်းလမ်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     PHP Language သင်တန်းသည် မိမိတို့ဌာနတွင်ရှိသည့် Website/ Web Application များ၏ Back-end ပိုင်း ဖြစ်သော Dynamic Websites များကို ကိုယ်တိုင် ရေးသား ဖန်တီးမှုများ ပြုလုပ်နိုင်စေဖို့နှင့် ဌာနဆိုင်ရာ Website များကို သေချာစွာ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုနိုင်စေဖို့ ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။