မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တင်ဒါစိစစ်ရွေးချယ် ရေးကော်မတီမှ ရွေးချယ်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာနှစ်ဦး ဖြစ်သော Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့မှ ၄င်းတို့၏ Licence Acceptance Letter များအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီး ဌာနသို့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပေးအပ် ခဲ့ပါသည်။
Telenor Myanmar Limited နှင့် Ooredoo Myanmar Limited အားယခုပေးအပ်သည့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်မှာ (၅.၂.၂၀၁၄)ရက်နေ့တွင် သက်တမ်းစတင်မည်ဖြစ်ပြီး ကနဦးလိုင်စင်သက်တမ်းမှာ (၁၅) နှစ် ဖြစ်ပါသည်။ Telenor Myanmar Limited နှင့် Ooredoo Myanmar Limited တို့သည် ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်များ ရရှိပြီးပါက နိုင်ငံတကာအဆင့်မီ မိုဘိုင်းဝန်ဆောင်မှုများကိုပေးအပ်သွားမည် ဖြစ်ရာ ပြည်သူများ အနေဖြင့်စျေးကွက်ယှဉ်ပြိုင်မှုမှတစ်ဆင့် အရည်အသွေး ကောင်းမွန်သော ဆက်သွယ်ရေး ၀န်ဆောင်မှုများသာမက ၀န်ဆောင်မှုအသစ်များနှင့် နည်းပညာအသစ်များကိုပါ သုံးစွဲနိုင်ခွင့် ပိုမိုရရှိလာမည် ဖြစ်သဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာနိုင်ကြောင်း သတင်းရရှိပါသည်။