ASEAN – EU အစီအစဉ်အောက်တွင် READI (Regional EU- ASEးစဟ-AN Dialogue Instrument) ၏ ICT Work Plan အရ ASEAN Spectrum Policy Forum (ASPF-3) တတိယ အကြိမ်အား မြန်မာနိုင်ငံ၌ ကျင်ပပေးရန်အတွက် စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့တွင် ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ ၁၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၃) ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးများအဆင့် အစည်းအဝေးတွင် အတည်ပြု သဘော တူညီချက် အရ Implementation the Transition to Digital Terrestrial Television ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်၌ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် READI (Regional EU- ASEAN Dialogue Instrument) တို့မှပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။
ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထုတ်လွှင့်မှုကိုအဆင်ပြေစွာဖြင့်ကူးပြောင်းဆောင်ရွက် နိုင်ရန်အတွက် ဥရောပနိုင်ငံများ၏ အတွေ့အကြုံ ဗဟုသုတမျာနှင့် ပြဿနာများအား ဖြေရှင်း ဆောင်ရွက် ခဲ့မှှုများကို မျှဝေရန်နှင့် နည်းလမ်းများရှာဖွေရန်အတွက် အာဆီယံ ဆက်သွယ်ရေး ဥပဒေပြုသူများအဖွဲ့နှင့် ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်သူများမှ ဆွေးနွေးဆောင်ရွက်ရန် ဖြစ်ပါသဖြင့် ၊ အဆိုပါဆွေးနွေးပွဲအား ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ၏ ၂၀၁၄ ခုနှစ် ၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပပြုလုပ်မည့် Senior Officials Meeting Responsible for Information (SOMRI) အစည်းအဝေး နှင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဒစ်ဂျစ်တယ်တယ်လီဗေးရှင်းထုတ်လွှင့်မှုအား လွယ်ကူစွာကူးပြောင်း ရောက်ရှိ ရေး ၊ ထုတ်လွှင့်ဆဲ အစီအစဉ်များ အဆင့်မြှင့်တင်ရေး၊ တီဗွီဖမ်းယူသည့် စက်ပစ္စည်းများ၏ စံချိန်စံညွှန်း သတ်မှတ်ရေးနှင့်် တံဆိပ်များကပ်ရန် ကိစ္စရပ်များ ၊ ဒစ်ဂျစ်တယ်မြေပြင် ရုပ်သံလွှင့်လှိုုင်းနှုန်း Chennal များသတ်မှတ်ထားရန်ကိစ္စ၊ သုံးစွဲသူများသိရှိလိုက်နာသင့်သည့် အချက် အလက်များကိစ္စ၊ ပြည်သူလူထုမှ ပူးပေါင်းပါ၀င်စေနိုင်မည့် နည်းလမ်းကောင်းများရွေးချယ်ဆောင်ရွက် သွားရန်ဆွေးနွေးခဲ့ကြပါသည်။
ဥရောပသမဂ္ဂ မှ အာဆီယံနှင့် ပူးပေါင်း၍ အိုင်စီတီကဏ္ဍများတွင် အကူအညီပေးရန် အတွက် ဆောင်ရွက်ခဲ့ရာတွင် ပထမအကြိမ် ASPF အား ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ASPF-2 အား ဗီယက်နမ်နိုင်ငံ ၊ ဟိုင်ဖောင်းမြို့တွင် ၂၀၁၃ ခုနှစ် ၊ ဧပြီလ ၈ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပြီး ၊ ASEAN ATRC ခေါင်းဆောင်များ နှင့် အဆင့်မြင့် အရာရှိကြီးများပါ၀င်သော Brussels, Belgium နှင့် Bonn/Aachen, Germany နိုင်ငံများသို့ လေ့လာရေးခရီးအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပို့ဆောင်ပေးခဲ့ပြီး ယခု တတိယ အကြိမ် ASPF-3 အစည်းအဝေးအား မြန်မာနိုင်ငံ၌ လက်ခံကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။