၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါလစာနှုန်း (၉၉၀၀၀ိ-၁၀၀၀ိ-၁၀၄၀၀၀ိ) ရာထူးနေရာများအတွက် သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည် -
(က) ဒု-ဦးစီးမှူး MA (English) ( ၂ ) နေရာ
(ခ) ဒု-ဦးစီးမှူး MCSc ( ၁ ) နေရာ
(ဂ) စာရင်းကိုင်(၂) M.Com or M.Econ ( ၁ ) နေရာ
(ဃ) ဒု-ဦးစီးမှူး LLM ( ၂ ) နေရာ
(င) ဒု-ဦးစီးမှူး ME (EC) ( ၃ ) နေရာ
(စ) ဒု-ဦးစီးမှူး ME (IT) ( ၁ ) နေရာ
၂။ လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၃၀-၆-၂၀၁၄ ရက်နေ့တွင် အသက်(၃၀) နှစ် ၊ ၀န်ထမ်းဖြစ်ပါက အသက်(၃၅) နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။
(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ပါရဂူဘွဲ့ ရရှိသူများလည်းလျှောက်ထားနို်င်ပါသည်။
(င) ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
(စ) အလုပ်သမားမှတ်ပုံတင်ထားသူဖြစ်ရမည်။ ( ၀န်ထမ်းမဟုတ်သူများ )
(ဆ) အပိုဒ် ( ၁ ) ပါ အမှတ်စဉ် ( ခ ) ( င ) နှင့် ( စ ) တို့အတွက် လုပ်ငန်းလိုအပ်ချက်အရအမျိုးသားများသာ ဦးစားပေးခန့်ထားမည်ဖြစ်ပါသည်။
၃။ လျှောက်လွှာကို ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲလျက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ရုံးအမှတ် ( ၂ ) နေပြည်တော်သို့ ၃၀-၆-၂၀၁၄ ရက်နေ့ နောက်ဆုံးထား၍ အရောက်ပို့ရမည် -
(က) ဘွဲ့ရလက်မှတ်မိတ္တူ
(ခ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်လက်မှတ်
မိတ္တူမှန်(ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုသည့်အခါ မူရင်းပြသနိုင်ရမည်)
(ဂ) သက်ဆိုင်ရာမြို့နယ်၊ ရဲစခန်းမှ လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်းရရှိထားသည့်
ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်မူရင်း
(ဃ) လိုင်စင်ဓာတ်ပုံ(၂)ပုံ
(င) အလုပ်သမားမှတ်ပုံတင်မိတ္တူ
(စ) ၀င်ကြေးငွေကျပ် ၅၀၀ိ/- ပေးသွင်းသည့်ချလံမူရင်း
၄။ လျှောက်ထားသူများသည် မြန်မာစာ ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ရေးဖြေ စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရေးဖြေစာမေးပွဲကျင်းပမည့်ရက်ကို သတင်းစာများ၌ ထပ်မံကြော်ငြာသွားမည်ဖြစ်ပါသည်။
၅။ ၀န်ထမ်းများသည် မိမိတို့၏ လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ၊ ရုံးအမှတ် ( ၂ ) ၊ နေပြည်တော်သို့ လိပ်မူ၍ သက်ဆိုင်ရာဌာနအကြီးအကဲမှ တစ်ဆင့် ၃၀-၆-၂၀၁၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်။ ( ကြိုတင်မိတ္တူကို တိုက်ရိုက်ပေးပို့ရမည် )
၆။ စာမေးပွဲဝင်ကြေးငွေကျပ် ၅၀၀/- ကို ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၊ ငွေစာရင်းအမှတ် - MD -011092 သို့ ပေးသွင်းရမည်။
၇။ လျှောက်လွှာနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော စာရွက်စာတမ်း မပြည့်စုံလျှင်သော်လည်းကောင်း
လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသည့်ရက်ထက် နောက်ကျရောက်ရှိလျှင် သော်လည်းကောင်း လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၈။ ရွေးချယ်ခြင်းခံရပါက အနည်းဆုံး ( ၅ ) နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။
၉။ အသေးစိတ်အကြောင်းအရာများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ရုံးအမှတ် ( ၂ ) ၊ နေပြည်တော် ၊ ဖုန်းနံပါတ် ၀၆၇-၄၀၇၂၃၀ ၊ ၀၆၇-၄၀၇၂၅၀ တို့တွင် စုံစမ်းနိုင်ပါသည်။