သတင်းအချက်အလက်နည်းပညာနှင့်-ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ သမိုင်းကြောင်း

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၂/ ၂၀၁၅ ) အရ ဆက်သွယ်ရေးနှင့် အချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် e-Government လုပ်ငန်းစဉ်များအား အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုနိုင်ရေး၊ လုပ်ငန်းစဉ်အသစ်များအား လေ့လာ၍ စီမံကိန်းအသစ်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ (ICT) စံနှုန်းများ သတ်မှတ်နိုင်ရေး၊ လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စနစ်တကျကြီးကြပ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာအချင်းချင်းတို့အား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ အောက်ဖေါ်ပြပါ ဌာနခွဲ(၈)ခုဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။