Welcome
-
“ Red Lacewing ”လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။
၂၀၂၅ ခုနှစ် ၊ မတ်လ ၊ ( ၁၈ ) ရက်
နေပြည်တော်၊မြန်မာ့စာတိုက်လုပ်ငန်း
-
၂၀၂၅ ခုနှစ် ၊ မတ်လ ၊ ( ၁၁ ) ရက်
နေပြည်တော်၊မြန်မာ့စာတိုက်လုပ်ငန်း
-
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ ( ၆ ) ရက်
နေပြည်တော်၊ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
၂၀၂၅ ခုနှစ် ၊ မတ်လ ၊ ( ၁၉ ) ရက်
နေ့စဉ်မြစ်ရေခန့်မှန်းချက်၂၀၂၅ ခုနှစ် ၊ မတ်လ ၊ ( ၁၈ ) ရက်
မြေငလျင်သတင်း၂၀၂၅ ခုနှစ် ၊ မတ်လ ၊ ( ၁၈ ) ရက်
နေ့စဉ်မြစ်ရေခန့်မှန်းချက်Daily Weather Report
.png)
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက်(၀၉:၃၀)နာရီအချိန်မှယနေ့နံနက်(၀၉:၃၀)နာရီအချိန်အထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၁၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၄.၃ ဒီဂရီ ဆဲလ်စီးယပ်၊ မြင်းခြံမြို့နှင့် မင်းဘူးမြို့တို့တွင် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်စီ၊ ဆင်ဖြူကျွန်းမြို့တွင် ၄၂.၀ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့တွင် ၄၁.၈ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၁.၇ ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် ၄၁.၀ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးမြို့၊ တံတားဦး(လေကြောင်းမိုးလေဝသ)နှင့် စစ်ကိုင်းမြို့ တို့တွင် ၄၀.၈ ဒီဂရီဆဲလ်စီးယပ်စီနှင့် အောင်လံမြို့နှင့် မြင်းမူမြို့တို့တွင် ၄၀.၇ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုင်းဆတ်မြို့တွင် ၁.၅၀ လက်မ၊ တာချီလိတ်မြို့တွင် ၀.၇၄ လက်မ၊ မူဆယ်မြို့တွင် ၀.၃၉ လက်မ၊ ပူတာအိုမြို့တွင် ၀.၁၂ လက်မနှင့် မချမ်းဘောမြို့တွင် ၀.၀၈ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
.... Read MoreDaily Weather Report
အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ ( ၂၄ ) ရက် မြန်မာ့မီးရထား Cos Website (307).pdf (166.06 KB)မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၊ ( ၂၈ ) ရက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တင်ဒါကြော်ငြာ-(28-1-25)V1.pdf (100.52 KB)ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၊ ( ၁၃ ) ရက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန machine.jpg (216.67 KB)အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၊ ( ၁၀ ) ရက် မြန်မာ့မီးရထား Cos Website(297-299).pdf (238.27 KB)အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၊ ( ၁၀ ) ရက် မြန်မာ့မီးရထား Cos Website(279).pdf (316.48 KB)အိတ်ဖွင့်တင်ဒါ (Open Tender)ခေါ်ယူခြင်း
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၊ ( ၂ ) ရက် မြန်မာ့မီးရထား Cos Website (277).pdf (426.26 KB)