အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၌ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများ Internship Training လက်တွေ့ကွင်းဆင်းလျှက်ရှိပါသည်။
ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့သည် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ နေပြည်တော်၌ Internship Training လက်တွေ့ကွင်းဆင်းဆောင်ရွက်လျှက်ရှိပါသည်။
Internship Training ၌ Incident Handling၊ Malware Analysis နှင့် Network Forensics ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများမှ (၃၁-၇-၂၀၁၉)ရက်နေ့ထိ လုပ်ငန်းခွင်လက်တွေ့လေ့ကျင့်မှုများ လုပ်ဆောင်သွားကြမည်ဖြစ်ပါသည်။