ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးစီးဌာနများ/ အဖွဲ့အစည်းများ

ဝန်ကြီးရုံးသတင်း

ဒုတိယသမ္မတ ဦးမြင့်ဆွေ e-Government ဦးဆောင်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Published: Jun 27 Posted Under: Place: နေပြည်တော်

e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Published: May 10 Posted Under: Place: နေပြည်တော်

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို..........

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Published: Apr 06 Posted Under: Place: နေပြည်တော်

 

နေပြည်တော် ဧပြီ ၄

e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ e-Government ဦးဆောင် ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

Published: Feb 08 Posted Under: Place: နေပြည်တော်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၌ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Digital Myanmar စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာန အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

လိုင်စင်ဆိုင်ရာ အခကြေးငွေများ ပြောင်းလဲကောက်ခံခြင်းအတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ (ဃ) အရ အများပြည်သူသဘောထားတောင်းခံခြင်း

Published: Jan 05 Posted Under: Place: နေပြည်တော်

 

၁။      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအဖွဲ့အစည်းများ မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိပါသည်။

Pages