လေကြောင်းပို့ဆောင်ရေး-ညွှန်ကြားမှုဦးစီးဌာန

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သမိုင်းကြောင်း

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

 

  • ၁၉၄၈ ခုနှစ်တွင် National Station of Air Transport Order ကို ထုတ်ပြန်၍  ပြည်ထောင်စုမြန်မာနိုင်ငံတော် လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO) ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါ သည်။ ထို့နောက် International Aeradio Limited (IAL) ကုမ္ပဏီအား ငှားရမ်း၍ မြန်မာနိုင်ငံ၏ မြို့ပြ လေကြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ 
  • ၁၉၅၇ ခုနှစ်တွင် IAL ငှားရမ်းခြင်းအား ရပ်စဲ၍ မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်း လုပ်ငန်း တစ်ရပ်လုံးကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
  • ၁၉၆၂ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် လေယာဉ်ကွင်းပေါင်း (၄၃) ကွင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ပြည်တွင်း/ ပြည်ပ လေကြောင်း ခရီးစဉ်အဖြစ် အသုံးပြုနိုင်သော လေယာဉ်ကွင်းပေါင်း (၂၅) ကွင်း ရှိခဲ့ပါသည်။
  • ၁၉၈၆ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အထောက်အပံ့ဖြင့်  လေကြောင်းပညာ သိပ္ပံ အား ဖွင့်လှစ်တည်ထောင်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေး/လေကြောင်း ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများနှင့် လေယာဉ်မှူးကြီး လိုင်စင်သင်တန်းများကို ပို့ချခဲ့ပါသည်။

 

လေကြောင်းပညာ သိပ္ပံ

  • လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ သတ်မှတ်စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံ၏ လေကြောင်းနယ်နိမိတ်အတွင်း ပြည်တွင်း/ပြည်ပ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းသွားလာနိုင်ရေး၊ လေဆိပ်များ(Airport) နှင့် လေကြောင်းပျံသန်းမှု အထောက်အကူပြုစနစ်များ (Air Navigation Facilities) နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသည်များ လိုရာခရီးသို့ မြန်ဆန်ချောမွေ့စွာ သွားလာနိုင်ရေးတို့အား ကြီးကြပ်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။