(က) |
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်ရေး၊ စွမ်းအားပြည့် ပျံသန်းနိုင်ရေး၊ အချိန်မှန်ပျံသန်းနိုင်ရေး အတွက် ကြီးကြပ်စီမံ ဆောင်ရွက်ခြင်း။ |
(ခ) |
ICAO ကထုတ်ပြန်ထားသည့် Annex များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ ပြင်ဆင် ထုတ်ပြန်ချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီမည့် Myanmar Civil Aviation Requirements (MCAR) များ အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ခြင်း။ |
(ဂ) |
ထုတ်ပြန်ထားသော MCAR များအပေါ် မူတည်၍ နိုင်ငံအတွင်း ပတ်သက်ဆက်စပ်လျှက်ရှိ သည့် Stakeholder များ (ဥပမာ- လေဆိပ် Operator များ၊ လေကြောင်းလိုင်းများ) က ကိုက်ညီရေးဆွဲရမည့် Manual များရေးဆွဲတင်ပြအတည်ပြုချက်ရယူပြီး လိုက်နာ ဆောင်ရွက် ခြင်း ရှိ/မရှိကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Inspector များက စစ်ဆေးခြင်း။ |
(ဃ) |
မြန်မာနိုင်ငံအတွင်း ဆင်းသက်ပျံသန်းခြင်းနှင့် ဖြတ်ကျော်ပျံသန်းလျက်ရှိသော လေယာဉ်များ နှင့်ဆက်သွယ်ရေး၊ လေဆိပ်အချင်းချင်းဆက်သွယ်ရေး၊ အိမ်နီးချင်း လေကြောင်းထိန်းဌာန များနှင့် ဆက်သွယ်ရေး၊ လေယာဉ်ပုံရိပ်ဖော် ရေဒါစနစ်များ၊ လေကြောင်းလမ်းညွှန်စက်များနှင့် လေယာဉ်ဆင်း/တက် အထောက်အကူပြုစနစ်များတပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အစဉ်ကောင်းမွန်မှုရှိနေစေရန် စီမံဆောင်ရွက်ခြင်း။ |
(င) |
လေယာဉ်ကွင်းများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ Aerodrome Certificate ထုတ်ပြန်ခြင်းနှင့် လေယာဉ်ကွင်းဧရိယာအတွင်း လေယာဉ်ပျံသန်းမှု အန္တရာယ်ကင်းရှင်းစေရန် အမြင့်ပေ သတ်မှတ်ထုတ်ပြန်ခြင်း။ |
(စ) |
မြို့ပြလေကြောင်းဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုရာတွင် သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများဆောင်ရွက်ခြင်း။ |
(ဆ) |
ပုံမှန်အားဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ICAO Regional Office နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ခြင်းအပြင် လိုအပ်ပါက ICAO နှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခြင်း။ |
(ဇ) |
ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများအားလုံး၊ လေကြောင်းပျံသန်းမှုလမ်းညွှန်ထိန်းသိမ်းရေး ဌာန၊ လေကြောင်းပညာသိပ္ပံကျောင်းတို့နှင့်ပတ်သက်သည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို တာဝန်ယူဆောင်ရွက်ခြင်း။ |
(ဈ) |
ဘဏ္ဍာနှစ်အလိုက် နိုင်ငံတော်မှချမှတ်သော ဘဏ္ဍာငွေများကိုဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများ၊ စည်းမျဉ်းများနှင့်အညီသုံးစွဲရန် ကြီးကြပ်ကွပ်ကဲခြင်း။ |
(ည) |
လေကြောင်းဥပဒေဆိုင်ရာလုပ်ငန်းများ၊ လေကြောင်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ လေကြောင်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လေကြောင်းလျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း။ |
(ဋ) |
လေယာဉ်များ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပျံသန်းနိုင်ရေး နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက် များ ထုတ်ပြန်ခြင်း နှင့် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း။ |
(ဌ) |
ဖြတ်ကျော်ပျံသန်းဝန်ဆောင်ခများနှင့် ပြည်တွင်းလေဆိပ်များ ဆင်း/တက်ဆိုင်ရာ ဝန်ဆောင်ခ များကောက်ခံရေး၊ သတ်မှတ်ချက်အတိုင်း ကောက်ခံရရှိစေရေး စီမံဆောင်ရွက်ခြင်း။ |
(ဍ) |
အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးအစီအစဉ်၊ အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး အရည် အသွေးထိန်းချုပ်ရေးအစီအစဉ် နှင့် အမျိုးသားမြို့ပြလေကြောင်း ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အချိန် နှင့်တပြေးညီ ကိုက်ညီမှုရှိစေရန် ရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်ခြင်း။ |
(ဎ) |
မြို့ပြလေယာဉ်မှတ်ပုံတင်ခြင်း၊ လေယာဉ်ပျံသန်းအသုံးချမှုတွင် စက်မှုကဏ္ဍဆိုင်ရာ လုပ်ငန်း များအားကြီးကြပ်ခြင်း၊ မြို့ပြလေယာဉ် လုံခြုံစိတ်ချစွာ ပျံသန်းနိုင်မှုအဆင့်အတန်း စိစစ် လက်မှတ်များထုတ်ပေးခြင်း၊ လေယာဉ်အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ မြို့ပြလေယာဉ်ထိခိုက်ပျက်စီးမှုများ စစ်ဆေးရာတွင် အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်ခြင်း။ |
(ဏ) |
Air Operator's Certificates စိစစ်ထုတ်ပေးခြင်း၊ လေယာဉ်မှူးလိုင်စင် ထုတ်ပေးခြင်း၊ ဘေး အန္တရာယ်ရှိစေသောပစ္စည်းများ (Dangerous Good) လေယာဉ်ဖြင့် တင်ဆောင်နိုင်ရေး အတွက် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီးကိုက်ညီမှုရှိပါက သယ်ဆောင်ခွင့်ပြခြင်း။ |
(တ) |
လေကြောင်းပျံသန်းမှုလမ်းညွှန်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ ထုတ်ပြန် ထားသော သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း။ |
(ထ) |
ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်သားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ လေကြောင်းခရီးဖြင့်သွားလာနိုင်ရေးအတွက် လေယာဉ်မှူး၊ လေယာဉ်သားနှင့် အင်ဂျင်နီယာ လိုင်စင်သင်တန်းများ၊ ပျံသန်းရေးနှင့် မြေပြင်ဝန်ဆောင်မှုဆိုင်ရာ လေကြောင်းပညာရပ်သင်တန်း များကို အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်ပြဋ္ဌာန်းထားသော စံချိန် စံနှုန်းများနှင့်အညီ သင်တန်းများ ပုံမှန်ဖွင့်လှစ်သင်ကြားပေးခြင်း။ |
(ဒ) |
ဦးစီးဌာနအတွက် လိုအပ်သော သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးရေးမှူးများ၊ လေကြောင်း ထိန်း၊ လေယာဉ်စက်မှု၊ လေကြောင်းလုံခြုံရေး၊ လေကြောင်းဆက်သွယ်ရေး၊ လေကြောင်း လျှပ်စစ်၊ လေကြောင်းမီးသတ်၊ လေကြောင်းအင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ်နှင့် ရုံးလုပ်ငန်း ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ အရည်အသွေးမြှင့်တင် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင် ရာကဏ္ဍအလိုက်ပြည်တွင်း/ပြည်ပသင်တန်းများ ဖွင့်လှစ်/စေလွှတ် လေ့ကျင့် သင်ကြားပေးခြင်း။ |