ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ သမိုင်းကြောင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအောက်ရှိ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။

  • ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလအဖွဲ့အစည်းမှာ (IRRAWADDY FLOTILLA CO.; LTD) ဖြစ်ပြီး၊ ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
  • မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့တွင် ကုမ္ပဏီအား ပြည်သူပိုင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ အမည်ဖြင့် လည်းကောင်း၊
  • ၁၉၇၂ ခုနှစ်၊ မတ်လ(၁) ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းအမည်ဖြင့် လည်းကောင်း၊
  • ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။
  • ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် လက်ရှိရေယာဉ် အင်အား စက်ရှိ/ စက်မဲ့ စုစုပေါင်း (၂၆၉)စီး အသုံးပြုပြီး နှစ်စဉ်ခရီးသည် ပျှမ်းမျှ (၁၅.၀၆)သန်းခန့်နှင့် ကုန်တန်ချိန် ပျှမ်းမျှ (၂.၀၇) သန်းခန့် သယ်ယူ ပို့ဆောင်ပေးလျက် ရှိသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ် ပါသည်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလရည်မှန်းချက်မှာ ခရီးသွားပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရေး တို့ဖြစ်ပါသည်။ ကုန်းလမ်း/ လေကြောင်းလမ်း/ မီးရထားလမ်းစသည့် သယ်ယူပို့ဆာင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီ ဖွံ့ဖြိုး တိုးတက် လာစေကာမူ မြန်မာနိုင်ငံ ဒေသအနှံအပြားရှိ ရေယာဉ်များ သွားလာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်းပို့ဆောင်မှု လုပ်ငန်းများမှာ မြန်မာနိုင်ငံ အတွက် အထူးအရေးပါသော ကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက် ရှိပါသည်။