မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သမိုင်းကြောင်း

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

          မြန်မာနိုင်ငံ မိုးလေ၀သဌာနကို ၁၉၃၇ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့မှစတင်၍ အပြည်ပြည်ဆိုင်ရာ မိုးလေ၀သအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံမိုးလေ၀သဌာနကို ၁၉၇၂ ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုစဉ်က မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိခဲ့ပါသည်။

          ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းရာတွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင်လည်းကောင်း၊ ၁၉၉၉ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနစီမံခန့်ခွဲမှုအောက်သို့ပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်တွင် ရောက်ရှိခဲ့ပါသည်။