မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-သမိုင်းကြောင်း

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၏ သမိုင်းကြောင်း

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် သမိုင်းကြောင်း

 

logo_2

 

photo

 

  • ၁၉၆၃ ခုနှစ်မှ စတင်၍ ကုန်သွယ်ရေကြောင်းနှင့် အင်ဂျင်နီယာအရာရှိလောင်း သင်တန်းများကို  ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆိပ်ကြီးရေတပ်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။
  • ထို့နောက် ၁၉၇၂ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်း အမည်ဖြင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။

2

  • ရေကြောင်းပညာသိပ္ပံ၏ တိုးချဲ့ဖွဲ့စည်းပုံအား ထောက်ခံခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်တွင် ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၀၅)၏ ဆုံးဖြတ်ချက်အား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အတည်ပြုခဲ့ပါသည်။
  • အဆိုပါ တိုးတက်အောင်မြင်မှုများအပြင် (Lloyd’s Register Quality Assurance – LRQA) မှ သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် ကိုက်ညီသဖြင့် ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် (LRQA) ကပေးအပ်သော နိုင်ငံတကာအဆင့် အရည်အသွေးစီမံခန့်ခွဲမှု စံချိန်မီ အသိအမှတ်ပြုလက်မှတ် (ISO 9001:2008 Certification) ကို ထိုက်ထိုက်တန်တန်ရှိခဲ့ပါသည်။ ထို့နောက် International Standard Organization (ISO) Version အသစ်ဖြစ်သော (ISO-9001:2008) ကို (17.6.2010)ရက်နေ့တွင် ပြောင်းလဲလက်ခံရရှိခဲ့ပါသည်။
  • ထို့နောက် 2019 ခုနှစ်၊နိုဝင်ဘလ(21)ရက်နေ့၌ ABS and North America Accreditation Service ANAB မှပေးအပ်သော နိုင်ငံတကာအဆင့် အရည်အသွေးစီမံခန့်ခွဲမှု စံချိန်မီ အသိအမှတ်ပြုလက်မှတ် (ISO 9001:2015 Certification) ကို ရရှိခဲ့ပါသည်။ 

 

3

 

  • 2012 ခုနှစ်၌ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ရေကြောင်းဘက်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ၊မရှိ မြန်မာနိုင်ငံသို့လာရောက်စစ်ဆေးခဲ့ပြီး (STCW) White List ရရှိခဲ့၍ EMSA (European Maritime Safety Agency) ၏အရည်အသွေးစစ်ဆေးခြင်းကို အောင်မြင်ခဲ့ပါသည်။
  • 2020-2021)ပညာသင်နှစ်မှစတင်၍ ရေကြောင်းပညာဘာသာရပ်နှင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်များအပြင် ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာပညာဘာသာရပ်အား တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရေယာဉ်မှူး၊ ပထမရေကြောင်းအင်ဂျင်နီယာ အဆင့်တိုင်အောင် သက်ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးလျှက်ရှိသည်။ 

 

4

 

  • စဉ်ဆက်မပြတ်အောင်မြင်မှုများနှင့်အတူ ရေကြောင်း၊ ရေကြောင်းအင်ဂျင်နီယာနှင့် ရေကြောင်းလျှပ်စစ် အင်ဂျင်နီယာပညာရပ်များကို  စာတွေ့လက်တွေ့အပြင် သရုပ်ပြလေ့ကျင့်မှုများနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ  ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်အဆင့်သို့ အဆင့်မြှင့်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အမည်ဖြင့်  ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ပြီ ဖြစ်ပါသည်။