ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ သမိုင်းကြောင်း

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း

 ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း​ တည်နေရာနှင့်အကျယ်အဝန်း

 

            ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းဘေး မိုင်တိုင်အမှတ် ( ၂ ) တွင်တည်ရှိ၍ ကျောင်းပိုင်မြေ အကျယ်အဝန်း စုစုပေါင်း ( ၁၉၄.၄၂ ဧက) ရှိပါသည်။

 

နောက်ခံသမိုင်း

 

  • မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန  ၊သယ်ယူပို့ဆောင်ရေး၊ စာတိုက် နှင့် ကြေးနန်း ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ခွဲ၍ ဖွဲ့စည်း ခဲ့ပါသည်။
  • ၁၉၆၁ ခုနှစ်တွင်  ၎င်းဝန်ကြီးဌာန ( ၂ ) ခုကို  သယ်ယူပို့ဆောင်ရေးနှင့်  လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ၍ ဖွဲ့စည်းခဲ့ပါသည်။၁၉၇၂ ခုနှစ် မတ်လတွင် ၎င်းဝန်ကြီးဌာနကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟု  ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း(၁၇)ခုဖြင့် ဖွဲ့စည်းခဲ့ရာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး  ကျောင်းကို ရန်ကုန်မြို့ ဆင်မလိုက်သင်္ဘောကျင်း နေရာ၌ စတင် ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၇၈ ခုနှစ်   ဇူလိုင်လ (၁၅)ရက်နေ့ ၌  မိတ္ထီလာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းကို ယခင်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနလက်အောက် သင်တန်းကျောင်းအဖြစ် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၊ ဆင်မလိုက်သင်္ဘောကျင်း နေရာ၌ စတင်ဖွဲ့စည်းခဲ့ပါသည်။
  • ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၌ “ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း”  အမည်ဖြင့် မိတ္ထီလာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
  • ထိုအချိန်က မော်တော်ယာဉ်ဆိုင်ရာသင်တန်းများ ၊ ရထားပို့ဆောင်ရေးဆိုင်ရာသင်တန်း များ ၊  အထွေထွေစီမံခန့်ခွဲမှုသင်တန်း နှင့် ဆက်သွယ်ရေးဆိုင်ရာသင်တန်းများကို လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
  • ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင်  ယခင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို   ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ဟူ၍ ဝန်ကြီးဌာန( ၃ ) ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ  ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် ပါဝင်ခဲ့ပါသည်။
  • သို့ဖြစ်ပါ၍   ၂၉  .  ၁  .  ၁၉၉၂   ရက်နေ့မှစ၍   ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများ  မပါဝင်တော့ဘဲ  မော်တော် ယာဉ်ဆိုင်ရာ   ၊   ရထားပို့ဆောင်ရေးဆိုင်ရာသင်တန်းများ နှင့်      အထွေထွေစီမံခန့်ခွဲမှုသင်တန်းများ ကိုသာ ပို့ချခဲ့ပါသည်။
  • ၂၀၀၆ ခုနှစ် မှစ၍ ဂဟေအခြေခံ နှင့်    စက်ဆင်အခြေခံသင်တန်းတို့ကို    မြန်မာ့မီးရထား၊ဒီဇယ်  စက်ခေါင်းစက်ရုံ (ရွာထောင်)ရှိ  Rail Transportations  Training  Center   ( RTTC )   ကျောင်း၌   ပြောင်းရွှေ့တက်ရောက်ခဲ့ကြသည့်အတွက်   ကျောင်းတွင်    စက်ဆင်အခြေခံ သင်တန်းကို     မဖွင့်လှစ်တော့ဘဲ     လျှပ်စစ်အခြေခံသင်တန်းတစ်မျိုးတည်းကိုသာ   ဖွင့်လှစ်ခဲ့ ပါသည်။
  • ၁၉-၆-၂၀၁၅  ရက်နေ့ ဒုတိယဝန်ကြီး ( ရထား ) ကျောင်းသို့လာရောက်စဉ် ရထားဆိုင်ရာ ဆက်သွယ်ရေးသင်တန်းများ ဖွင့်လှစ်ရန်  လမ်းညွှန်မှုပြုခဲ့ပါသဖြင့်  ၂၀၁၅-၂၀၁၆ သင်ကြား လေ့ကျင့်ရေးနှစ်တွင် ရထားဆိုင်ရာဆက်သွယ်ရေးသင်တန်း(၃)မျိုးဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ပါသည်။
  • ၃၀. ၃ . ၂၀၁၆ ရက်နေ့တွင်   ပို့ဆောင်ရေးဝန်ကြီးဌာန ၊  ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊  သတင်းအချက်အလက်နည်းပညာ နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့အား   ပေါင်းစည်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ‌ကျောင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်ခံ ဌာန ၊လုပ်ငန်း (၁၈) ခု အနက်    (၁) ခုအပါအဝင် ဖြစ်ခဲ့ပါသည်။
  • လက်ရှိအခြေအနေတွင် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းများ၊ စာရေးရုံးလုပ်ငန်းဆိုင်ရာသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ Networking သင်တန်းများ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စကားပြောသင်တန်းများ၊ တရုတ် စကားပြောသင်တန်းများ၊ ရထားဆိုင်ရာသင်တန်းများ၊ ခရီးသည်ဝန်ဆောင်မှု တိုးမြှင့် ရေး သင်တန်းများ၊ မော်တော်ယာဉ်ဆိုင်ရာသင်တန်းများ၊ စက်မှုလက်မှုဆိုင်ရာ သင်တန်းများ၊ မြန်မာ့စာတိုက်လုပ်ငန်းဆိုင်ရာသင်တန်းများနှင့် စတိုပစ္စည်းထိန်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။